Huawei C8825D Root
Huawei C8825D အတွက် Root လုပ်နည်းလေးပါ.. သူ့အတွက် Root လုပ်နည်းက နှစ်ဆင့်ပါ.. ပထမအဆင့်က Code အရင်တောင်းပြီးမှ စာပြန်လာရင် ဒုတိယအဆင့်ကို ဆက်လုပ်ရမှာပါ.. ကဲ.. ပထမဆုံး ပထမအဆင့်ကို သွားလိုက်ရအောင်..
အရင်ဆုံး ဒီလင့်ခ်လေးကို သွားပါ..
http://www.huaweidevice.com/worldwide/servicePolicy.do?method=preUnlock
ပြီးရင် လိုအပ်တာတွေကို ဖြည့်စွက်ပါ..
E-mail မှာ ကိုယ့်ရဲ့ Email လိပ်စာကို တိတိကျကျ မှန်မှန်ကန်ကန်ရေးပါ။
Product Type မှာ Smart Phone ကို ရွေးပါ။
Product Model မှာ C8825D ကိုရွေးပါ။
Product S/N ဆိုတာက ကိုယ့်ဖုန်းရဲ့ Serial Number ကို တောင်းတာပါ. Serial Number ကို ဖုန်းရဲ့ ဘက်ထရီအောက်မှာ S/N ဆိုတာရဲ့နောက်မှာ ဖတ်ကြည့်နိုင်ပါတယ်.. ဗူးပေါ်မှာလည်း ပါပေမယ့် မသေချာမှာ စိုးရိမ်လို့ပါ.. တွေ့ရင်တော့ S/N နောက်က နံပါတ်တွေကို တစ်လုံးမှ မလွဲအောင် ရိုက်ထည့်ပါ.
Product IMEI/MEID ဆိုတာကဖုန်းရဲ့ IMEI နံပါတ်ကို တောင်းတာပါ။ ( IMEI နံပါတ်ကိုကြည့်ဖို့ ဖုန်းခေါ်တဲ့ ခလုတ်ကို နှိပ်ပြီး Dial Pad ခေါ်ပြီး *#06# ရိုက်လိုက်ရင် ပေါ်လာတာကို ဖတ်ပါ) သူ့ကိုလည်း မမှားအောင် တစ်လုံးချင်း သေသေချာချာ ရိုက်ထည့်ပါ။
Product ID မှာ IMEI ကြည့်သလိုပဲ ဖုန်း Dial Pad ကနေ *#*#1357946#*#* လို့ရိုက်ထည့်ပြီးပေါ်လာတဲ့ ဂဏန်း ၈ လုံးလုံးကို မှန်မှန်ကန်ကန် ရိုက်ထည့်ပါ။
အားလုံး ပြီးပြီဆိုရင်တော့ အနီရောင် Submit ခလုတ်လေးကိုနှိပ်ပြီး လျောက်နိုင်ပါပြီ။
အစိမ်းရောင် အမှန်ခြစ်လေး ပေါ်လာခဲ့တယ်ဆိုရင်တော့ အောင်မြင်သွားပါပြီ ( unlock code နံပါတ် ၁၆ လုံးကို email နဲ့ ပို့လာမှာကို စောင့်ရုံပါပဲ။ )
တကယ်လို့ အမှားခြစ် အနီရောင်ပေါ်လာခဲ့ရင် အပေါ်အကွက်တွေမှာ ဖြည့်တဲ့အချက်အလက်တွေ တစ်နေရာရာမှာ မှားနေလို့ပါ။ သေချာဖြည့်ထားတာကို ပြန်စစ်ပါ.။
အားလုံးအဆင်ပြေလို့ အစိမ်းရောင်လေး ပေါ်လာတယ်ဆိုရင် ပထမအဆင့် အောင်မြင်စွာ ပြီးဆုံးသွားပါပြီ။
……………………………………………………………………………………………………………….
ဒုတိယအဆင့်
ရလာတဲ့ ဂဏန်း ၁၆ လုံးကို စာရွက်ပေါ်မှာ ချရေးထားပါ။ ပြီးရင် ဒီဖိုင်လေးကို ဒေါင်းလုပ်ဒ်ဆွဲပါ။ ပြီးရင် Zip ဖိုင်ကို ဖြည်ချပါ။ ဖိုင်နှစ်ဖိုင် ထွက်လာပါမယ်. G330… နဲ့စတဲ့ ဖိုင်လေးကို Double Click နှိပ်ပြီး ဖွင့်လိုက်ပါ။ ဒါဆိုရင် cmd box အမဲလေး တစ်ခု ပေါ်လာပါမယ်. အဲဒီမှာ ခုနက ဂဏန်းဆယ့်ခြောက်လုံးကို မမှားအောင် သေချာရိုက်ထည့်ပါ။ ပြီးရင် Enter တစ်ချက်ခေါက်ပါ။ Fastboot ဘာဘာညာညာ ဆိုပြီး စာတန်းတစ်ပိုဒ် တစ်လာပါလိမ့်မယ်. ထပ်ပြီး Enter ခေါက်လိုက်ပါ။ ဒါဆိုရင် ဖုန်း Restart ကျသွားပါလိမ့်မယ်။ Restart ကျသွားပြီးရင် ခဏစောင့်ပါ။ ပြန်တက်လာရင် ကြည့်နေပါ။ Invalid Code ဆိုရင်တော့ ကိုယ်ရိုက်လိုက်တဲ့ ဂဏန်းတွေ မှားနေပါပြီ။ ပြန်ဖွင့်ပြီး ပြန်ရိုက်ထည့်ပါ။ စာတန်းလေး မပေါ်ဘဲနဲ့ တက်လာပြီး Android ပုံလေးနဲ့ Formatting.. ဘာညာ ဆိုပြီး သုံးကြောင်းလောက် ပေါ်လာပြီး OK! ဆိုပြီး ဖြစ်သွားရင်တော့ ကိုယ့်ဖုန်းလေး Unlock ဖြစ်သွားပြီလို့ မှတ်လိုက်ပါ။ ဒါဆိုရင် ဘယ်လို Root ကျမလဲ ?? Root ဖို့ဆိုရင် အရင်ဆုံး Recovery သွင်းကြတာပေါ့။ လွယ်ပါတယ်။ ဖုန်းဘက်ထရီကို ပြန်ဆွဲဖြုတ်လိုက်. ပြီးရင် ဆယ်စက္ကန့်လောက် (သီချင်းမဟုတ်ပါ
) ခဏဖြုတ်ထားပေးလိုက်ပါ။ အသံတိုးတဲ့ခလုတ် (Volume – ) + ပါဝါခလုတ်ကို တွဲပြီး ဖိထားပြီး Bootloader ကို ဖမ်းပါ။ ငြိမ်သွားပြီဆိုရင် USB Cable နဲ့ ကွန်ပြူတာကို ချိတ်ပြီး Driver သိတာကို စောင့်ပါ။ သိပြီဆိုရင် ခုန ဖြည်ထားတဲ့ နှစ်ဖိုင်ထဲက မသုံးရသေးတဲ့ Recovery နဲ့ စတဲ့ဖိုင်ကို နှိပ်လိုက်ပါ။ အစိမ်းရောင် Box လေး ပေါ်လာပြီဆိုရင် Enter တစ်ချက်ခေါက်လိုက်ပါ။ ပြီးရင် 1, 2, 3 ဆိုပြီး အပေါ်အောက် အစဉ်လိုက်ပေါ်လာတာ တွေ့ရပါလိမ့်မယ်.. 1 ကို နှိပ်လိုက်ပြီး Enter ထပ်ခေါက်လိုက်ပါ။ စာလုံးတွေ ဟိုပေါ်ဒီပေါ် ပေါ်ပြီးသွားရင် Restart ကျသွားပါမယ်.. ပြီးရင် ပြန်တက်လာပါလိမ့်မယ်.. ဘက်ထရီဆွဲဖြုတ်ပါ။ ဆယ်စက္ကန့်ထားပါ။ ဒီအချိန်မှာ ဒီဖိုင်လေးကို ဒေါင်းပြီး Micro SD ကတ် ကောင်းကောင်းထဲကို ထည့်ပါ။ အကောင်းဆုံးကတော့ Silicon Power ကတ်တွေနဲ့ လုပ်တာ စိတ်ချရပါတယ်။ Silicon Power ကတ်အစစ်ကို ပြောတာပါ။ တရုတ်ကလာတဲ့ မန်မိုရီကတ် ဈေးပေါပေါတွေဟာ ဒီနေရာမှာ အလုပ်မဖြစ်တတ်ပါဘူး.. zip ဖိုင်ကို ဒီအတိုင်းထည့်ပါ။ မဖြည်လိုက်ပါနဲ့။
ပြီးရင် ဘက်ထရီ ပြန်တပ်ပြီး Volume + ( အသံကျယ်တဲ့ခလုတ် ) နဲ့ ပါဝါခလုတ်ကို တွဲနှိပ်ထားပါ။ စက်ရုပ်ပုံနဲ့ စာတန်းတွေ တက်မလာခင်အထိ နှိပ်ထားတာတော့ အကောင်းဆုံးပါပဲ။ တက်လာပြီဆိုရင် ဒုတိယအကြောင်းက Choose Zip from SD Card ဆိုတာကို သွားဖို့ Volume – နဲ့ သွားရပါမယ်.. တစ်ခု မှတ်ထားရမှာက Recovery Mode မှာ Volume – သည် အောက်ဆင်းတဲ့ခလုတ်ပါ။ Volume + သည် အပေါ်သွားတဲ့ခလုတ်ပါ။ Power ခလုတ်သည် ကွန်ပြူတာမှာ Enter ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ နောက်မှာ အပေါ်တက် အောက်ဆင်း လုပ်ရမှာ ဖြစ်တဲ့အတွက် အသေးစိတ်ကြိုရှင်းပြတာပါ။ Choose Zip … ဆိုတာကို ရွေးပြီး ပါဝါခလုတ်နှိပ်ပြီး ၀င်လိုက်ရင် SD ကတ်ထဲက ဖိုင်တွေ ပေါ်လာပါမယ်.. အဲဒီထဲက superlikeonline.com – C8825 Root.zip ဆိုတာကို ရွေးပေးလိုက်ပါ..။ ရွေးဖို့ အပေါ်အောက်သွားတာက အပေါ်က နည်းအတိုင်းပါပဲ။ ရွေးပြီးရင် Power ခလုတ်ကို ထပ်နှိပ်ပါ။ စာတန်းတွေ ပြေးပါလိမ့်မယ်။ ပြီးရင်တော့ စာတန်းတွေ ရွေးဖို့ ပြန်ပေါ်လာပါလိမ့်မယ်။ Go Back ဆိုတာကို ရွေးပါ။ ပါဝါကို နှိပ်ပါ။ နောက်ပိုင်းမှာ ရွေးပါဆိုရင် ပါဝါခလုတ်ပါ နှိပ်ပေးရမယ်လို့ မှတ်ပေးပါ။ ပြီးရင် Reboot System ကို ရွေးပါ။ စာတန်းတွေ ရွေးဖို့ ထပ်တက်လာပါလိမ့်မယ် Fix နဲ့ စတဲ့ကောင်ကို ရွေးပါ။ ပြီးရင် ထပ်ပေါ်လာခဲ့ရင် Fix နဲ့စတာကိုပဲ ထပ်ရွေးပေးပါ။ ပြီးရင်တော့ Reboot ကျသွားပါလိမ့်မယ်။ ပြန်တက်လာရင် ကိုယ့်ဖုန်းရဲ့ Application Menu Page တွေထဲမှာ Superuser Icon လေး တွေ့မတွေ့ ကြည့်ပါ။ တွေ့ရင်တော့ အောင်မြင်စွာ Root လုပ်နိုင်သွားပါပြီ။
rar က password တောင်းနေတယ် အကို .. ကျေးဇူးပြုပြီး ပေးပါဦး
password လေးပေးပါ
password တောင်းနေတယ်။ ဘာမှလည်း ဖြည့်လို့မရဘူးအစ်ကို။
ကျေးဇူးပြုပြီး ပြောပြပါအုံးအစ်ကို။ကျေးဇူးတင်ပါတယ်။
အစ်ကိုရေ
ကျေးဇူးပြုပြီး Rar password လေးပို့ပေးပါဗျာ.
အရေးကြီးလို့ပါ။
aungaung05@gmail.com
Thank you very much
C 8825 D ကိုတော့ Root လုပ်လို့ အောင်မြင်သွားပါပြီ။
System Remover ဆိုတဲ့ ဆော့ဖ်ဝဲနဲ့ တရုတ်လို အသုံးမ၀င်
ဘူးထင်တဲ့ဟာတွေ ဖျက်လိုက်မိတယ်။ အခု Setting ထဲက Sound ဆိုတာကို ၀င်ပြီးတော့ ပြင်လို့ ပြောင်းလို့ မရဘူးဖြစ်နေတယ်။ Unfortunately, Settings has stopped. ဆိုတာပဲပေါ်နေတယ်။
နောက်တစ်ခုကတော့ ရက်နဲ့အချိန် Date and Time ကို ပြင်ဆင်မရဘူး။ ကူညီကြပါဦး ဆရာသမားတို့ရယ် ..
It is easy (1) Turn off your Phone.
(2)Take out the SIM Card
(3) Set GMT+6:30 ( Your desire ) from Date and Time setting
(4) Turn off Power again and Put the SIM Card
(5) Turn ON your Phone.
And also U can change in Airplane mood with (or) whthout sim card.
Good Luck!
u8825d root ဖေါက်ချင်လို့ ကူညီပေးပါအစ်ကို
Huawei C8825D Root
zip file password လိုချင်လို့ပါ
password
password တောင်းနေပါတယ် အကို password လေး ပေးသနားပါအုံး
အော် password က အပေါ်မှာ ညွှန်ပြထားတာကို
မမြင်လို့ sorry
I want to know how to root huwei u8661 android2.3.6 and then i need myanmar key board in my phone.Please tell me .Thank”
rar file ကဖြည်လို့မရပါ ကျေးဇူးပြုပီးကူညီပေးပါ အခက်ဖြစ်နေလို့ပါ
အရမ်းကျေးဇူးတင်တယ်ဗျာ။ Root လုပ်လို့ရသွားပြီ။ ဘာError မှလည်းမတက်ဘူးဗျို့
rar password ေ
တာင်းနေတယ် အစ်ကို ကူညီပါအုံး
rar password လေးပေးပါအုံး အစ်ကို ကျေးဇူးတင်ပါတယ်
c 8825d root ကပထမ အဆင့်တော့ အောင်မြင်ပြီး Email မပို့ဘူးဖြစ်နေတယ် ကူညီပါအုံး အစ်ကို
pass ပေးပါဦး
ဖွင့်မရဘူး pass ပေးပါဦး