V-Root V1.4

V-Root အသုံးပြု၍ Root လုပ်နည်း

အားလုံးလည်း V-Root ရဲ့ အစွမ်းထက်ပုံကို ကြားပြီးသားဖြစ်လောက်မှာပါ။ V-Root ရဲ့ Official site ကတော့ http://mgyun.com ဖြစ်ပါတယ်။ ကြားရုံသာ ကြားပြီး မလုပ်ကြည့်ဖူးသူတွေအတွက် လုပ်ပုံလုပ်နည်း အသေးစိတ်ကို တင်ပေးလိုက်ပါတယ်။

ပထမဆုံး V-Root ကို ဒေါင်းလုပ်ဒ်ဆွဲပါ။ (ဒီမှာ သွားဒေါင်းနိုင်ပါတယ်။)

ပထမဆုံး Root လုပ်ချင်တဲ့ ဖုန်းကို ပါဝါဖွင့်ပါ။ ပြီးရင် Setting –> Developer Option(Only For Android Version 4.0 upper) –> USB Debugging ဘေးမှာ အမှန်ခြစ်လေး ခြစ်ပေးလိုက်ပါ။ တကယ်လို့ Root လုပ်ချင်တဲ့ဖုန်းက Y210C, Y210 တို့လို Android Version 2.3 လောက်ပဲ ရှိရင်တော့ Setting –> Application –> Development –> USB Debugging ဆိုပြီး သွားခြစ်ရပါမယ်။ ပြီးရင်တော့ ဖုန်းကို ကွန်ပြူတာနဲ့ ချိတ်လိုက်ပါ။ Driver သိနေဖို့တော့ လိုပါမယ်။ ပြီးရင်တော့ ဒေါင်းလုပ်ဒ်ဆွဲလို့ရလာတဲ့ ဖိုင်လေးကို Double Click နှိပ်ပြီး ဖွင့်ပါ။ ဒီလိုပေါ်လာပါလိမ့်မယ်။
V-Root V1.4
ဖုန်းရဲ့ Driver ကို ကွန်ပြူတာက သိတယ်ဆိုရင် ပုံမှာပြထားတဲ့အတိုင်း ပေါ်လာပါမယ်။ ၀ိုင်းပြထားတဲ့ နေရာလေးမှာ — ဆိုတာလေးရယ် သူ့နောက်မှာ တရုတ်စာလုံးတစ်လုံးနဲ့ တွဲရက် Root ဆိုတဲ့ စာလုံးလေး ပေါ်လာပြီး ခလုတ်လေး စိမ်းနေပြီဆိုရင် Root လုပ်လို့ရပါပြီ။ အဲဒီအစိမ်းခလုတ်လေးကို နှိပ်လိုက်ပါ။ ဒီလိုပေါ်လာပါလိမ့်မယ်။
vroot-rooting
အဲလိုလေး ခဏ ပေါ်နေပြီးလို့ Root လုပ်လို့ အေင်မြင်သွားပြီးဆိုရင် ဒီလိုပေါ်လာပါလိမ့်မယ်။
vroot-rootsuccess
တကယ်လို့ Root လုပ်လို့ မရဘူးဆိုရင်တော့ Root လုပ်လိုက်တဲ့ နေရာမှာ ဒုတိယ ပုံလေးပဲ ပေါ်နေပြီးတော့ ဖုန်းကတော့ ခဏခဏ Restart ကျနေမှာ ဖြစ်ပါတယ်။ Root ဖြစ်ပြီဆိုရင် တတိယပုံ ပေါ်လာပြီးရင် Restart ကျပါမယ်။ Root မဖြစ်ရင်တော့ ဒုတိယပုံမှာတင် ရပ်နေပြီး စက်က Restart ကျသွားမှာပါ။ အဲလိုဖြစ်ရင်တော့ ဖုန်းကို ကြိုးဆွဲဖြုတ်လိုက်တာ အကောင်းဆုံးပါပဲ။ မဟုတ်ရင် ဖုန်း Firmware ထိသွားနိုင်ပါတယ်။

Root အောင်မြင်ကြပါစေ… :)

15 thoughts on “V-Root အသုံးပြု၍ Root လုပ်နည်း

  1. naing

    အကို, rootလုပ်လိုက်ရင်applicationတွေပျောက်ကုန်မလား. please reply me!!

    Reply
  2. ye khant

    Root အဆင်ပြေတယ်ဆို icon လေးပေါ်လားဟင် ကျွန်တော်လုပ်တာ ပုံမှာပြထားတဲ့ အတိုင်းအဆင်ပြေပါတယ် ဒါပေမယ့် icon မတွေ့လို့ပါ

    Reply
  3. sai

    အကို
    ကျနော့ ဖုန်းhuawei G610-c00 ကို root လုပ်တာအဆင်မပြေဘူးကော…အစ်ကိုတင်ထားတဲ့ v root v1.6ပါဘဲ…
    လုပ်တာ အကုန်ရတယ် အစ်ကိုဟာတူတယ်…ဒါပေမဲ့ ဘာဆက်လုပ်ရမလဲ မြန်မာမပေါ်ဘူး superuser ….no seeing….
    root လုပ်ဖို့ ဘာတွေလုပ်မလဲ…..ကူညီပါအုံး

    Reply
  4. 09448043013

    အကို
    root ကို ဆိုင်က လုပ်ပေးလိုက် တာ မြန်မာဖေါင့်က မမှန်ဘူး ဖြစ်နေတယ်။ဘယ်လိုပြန်လုပ်ရမယ်ဆိုတာ ကို ကျေးဇူးပြုပြီးပြော ပြပေးပါ ခင်ဗျာ

    Reply
  5. wailay

    super user တော့ဖြစ်ပြီးတော့ စာရိုက်ရင်လေးထောင့် အတုံးလေးတွေပဲပေါ်တယ် zawgyi one TTF လည်း အင်စတောလုပ်ထားတယ် keyboard လည်း 2 မျိုးလောက် သွင်းကြည့်တယ် မရဘူးဖြစ်နေတယ် ဟန်းဆက်ကိုလည်း
    factory data reset ချတယ် မရဘူးဖြစ်နေတယ် ကူညီပါဦးဗျ

    Reply
  6. Pingback: Y320-C00 Root + Myanmar Font | Super Like Mobile & Electronic Centre

  7. htoo chon

    play store zip file ကို flash လုပ်ဖို့ ဘယ်ဟာနဲ့လုပ်ရမလဲသိချင်ပါတယ် linkသိချင်ပါတယ် huawei 610 ပါပဲ

    Reply
  8. aungphyo

    အစ်ကိုရေY511ကကောအတူတူပဲလား သုံးလို့ ရလား အကြောင်းပြန်ပေးပါဗျာ ကျွန်တော် တော်တော် ဖောက် ချင်နေလို့ ပါဗျာ

    Reply

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>